ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့ Percy ဆိုတဲ့ ကောင်လေးဟာ ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရပြီးနောက်၊ သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ ဂရိပင်လယ်နတ်ဘုရား Poseidon ရဲ့ သားတော် (Half-blood / Demigod) ဖြစ်မှန်း သိလိုက်ရတဲ့အခါမှာတော့ သူ့ဘဝကြီး တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။ Season 1 မှာတော့ Zeus ရဲ့ ပျောက်ဆုံးသွားတဲ့ လျှပ်စီးလက်နက်ကို ရှာဖွေပြီး နတ်ဘုရားတွေကြား စစ်ပွဲမဖြစ်အောင် တားဆီးရတဲ့ ခရီးစဉ်ကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာဖြစ်ပြီး၊ Season 2 မှာတော့ Camp Half-Blood ရဲ့ လုံခြုံရေးစည်းကျိုးပျက်သွားတာကြောင့် သူငယ်ချင်းတွေကို ကယ်တင်ဖို့အတွက် ဘေးအန္တရာယ်ဆိုးတွေ ပြည့်နှက်နေတဲ့ "Sea of Monsters"ထဲကို စွန့်စားခန်းထွက်ရတာကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂရိနတ်ဘုရားတွေရဲ့ ရှုပ်ထွေးလှတဲ့ အာဏာလုပွဲတွေ၊ ရှေးဟောင်း မိစ္ဆာကောင်ကြီးတွေရဲ့ တိုက်ခိုက်မှုတွေနဲ့အတူ လူငယ်တို့ရဲ့ သံယောဇဉ်နဲ့ ခိုင်မာတဲ့ ချစ်ကြည်ရေးကို စိတ်ဝင်စားဖွယ် ပုံဖော်ထားပါတယ်။
ဒီစီးရီးရဲ့ ကောင်းကွက်ကို ဝေဖန်သုံးသပ်ရရင်တော့ မူရင်းစာအုပ်ရဲ့ အနှစ်သာရကို စာရေးသူကိုယ်တိုင်ပါဝင်ပြီး ထိန်းသိမ်းရိုက်ကူးသွားတာဖြစ်လို့ ရာဇဝင်နဲ့ ဒဏ္ဍာရီအချက်အလက်တွေကို သဘာဝကျကျနဲ့ ဆွဲဆောင်မှုရှိရှိ ပေါင်းစပ်ပြသနိုင်ခဲ့တာပါပဲ။ Visual Effects (CGI) နဲ့ ဂရိနတ်ဘုရားတွေရဲ့ လောကကြီးကို ဖန်တီးထားမှုဟာလည်း ခမ်းနားလှပပြီး သရုပ်ဆောင် ကလေးငယ်တွေရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေက စီးရီးကို ပိုမိုသက်ဝင်စေခဲ့ပါတယ်။ နည်းနည်းအားနည်းချက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ အချို့သော တိုက်ခိုက်ခန်း တွေမှာ စာအုပ်ထဲကထက် အပြောင်းအလဲအချို့ ရှိနေတာနဲ့၊ ဒိုင်ယာလော့ဂ်အချို့မှာ လူငယ်ပရိသတ်ကို ဦးတည်ထားတာကြောင့် စကားပြောခန်းတွေ အနည်းငယ် ရှည်လျားနေသလို ခံစားရတာမျိုး ရှိတတ်တာပါပဲ။ သို့သော်လည်း စီးရီးတစ်ခုလုံးရဲ့ ရသကို ထိခိုက်လောက်အောင်တော့ အားနည်းချက်မကြီးမားပါဘူး။
ချုပ်ပြောရရင်တော့ Percy Jackson စီးရီးဟာ ဂရိဒဏ္ဍာရီကို ခေတ်ပြိုင်လူငယ်ဘဝနဲ့ သဘာဝကျကျ ပေါင်းစပ်ရိုက်ကူးထားတဲ့ အတန်းအစားမြင့် Fantasy Adventure စီးရီးတစ်ခုဖြစ်ပါတယ်။
My Rating: 8/10
AP
Comments: