၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့ပြီး Teen Supernatural Fantasy, Horror နဲ့ Drama အမျိုးအစားတွေကို ပေါင်းစပ်ရိုက်ကူးထားသည့် The Craft ဇာတ်ကားသည် မူရင်းဇာတ်လမ်းဆန်းဆန်းဖြင့် ပရိသတ်စိတ်ဝင်စားမှု ရရှိခဲ့သော Cult Classic ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Andrew Fleming က ရိုက်ကူးထားပြီး အဓိကမင်းသမီးတွေအနေနဲ့ Robin Tunney, Fairuza Balk, Neve Campbell နဲ့ Rachel True တို့က ဆန်းကြယ်လှသည့် ကျောင်းသူစုန်းမလေးတွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၉၀ ခုနှစ်တွေရဲ့ High School Gothic Vibe ကို အပြည့်အဝဖန်တီးပြနိုင်ခဲ့ပြီး Wicca (စုန်းအတတ်) နဲ့ ပတ်သက်သည့် အယူအဆတွေကို သေချာလေ့လာပြီး ယုတ္တိရှိရှိ ပုံဖော်ထားတာကို တွေ့ရပါတယ်။

ဇာတ်လမ်းအကျဉ်းမှာတော့ မြို့အသစ်ကို ပြောင်းရွှေ့လာပြီး အထက်တန်းကျောင်းသစ်မှာ ကျောင်းတက်ရသည့် Sarah (Robin Tunney) ဆိုသည့် ကောင်မလေးသည် ကျောင်းမှာ လူအများ အထီးကျန်ဖယ်ကြဉ်ထားကြသည့် မိန်းကလေးသုံးယောက်နှင့် ခင်မင်မိသွားရာမှ စတင်ခဲ့တာပါ။ ထိုမိန်းကလေးသုံးယောက်မှာ တကယ့်စုန်းအတတ်ကို စိတ်ဝင်စားပြီး စုန်းအဖွဲ့အစည်း (Coven) တစ်ခုဖြစ်ဖို့ စတုတ္ထမြောက်အဖွဲ့ဝင်ကို ရှာဖွေနေကြသူများ ဖြစ်ပါတယ်။ Sarah ပါဝင်လာပြီးနောက် စွမ်းအားတွေ ပိုမိုကြီးမားလာကာ မိန်းကလေး လေးယောက်စလုံး သူတို့လိုချင်သည့် ဆန္ဒတွေ (မုန်းသူကို ကလဲ့စားချေခြင်း၊ လှပလာခြင်း၊ အချစ်ရရှိခြင်း) အတွက် မှော်ပညာတွေကို စတင်သုံးစွဲလာကြပါတယ်။ သို့သော်လည်း အမှောင်စွမ်းအားတွေ လွန်ကဲလာသည့်အခါ သူတို့ကြားက ညီအစ်မလို ခင်မင်မှုတွေ ပြိုကွဲလာပြီး အန္တရာယ်ရှိသည့် စုန်းမတိုက်ပွဲအဖြစ် ပြောင်းလဲသွားပုံကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်ကား၏ ကောင်းကွက်အနေဖြင့် ပြောရလျှင် ၉၀ ခုနှစ်များ၏ Gothic Fashion Aesthetics နဲ့ Music Soundtrack တို့ကို ဇာတ်လမ်းနှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်ပြသနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း Fairuza Balk ၏ စိတ္တဇဆန်ဆန် ရူးသွပ်သွားသည့် Nancy ဇာတ်ကောင် သရုပ်ဆောင်ချက်မှာ ထူးခြားပြောင်မြောက်လှပြီး ဇာတ်ကားတစ်ကားလုံး၏ Highlight ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မိန်းကလေးငယ်များကြားက လူငယ်သဘာဝ မနာလိုမှု၊ ဘေးဖယ်ခံရသည့် ခံစားချက်နှင့် စွမ်းအားကို လွန်ကဲစွာ သုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သဘာဝကျကျ မီးမောင်းထိုးပြထားပါတယ်။ 

အတိုချုပ်အားဖြင့် The Craft (1996) သည် မိန်းကလေးများ၏ ချစ်ခင်မှု၊ စွမ်းအားနှင့် အမှောင်ဘက်ခြမ်းအကြောင်းကို ၉၀ ခုနှစ်များ၏ လှပဆန်းကြယ်သည့် ပုံစံဖြင့် တင်ဆက်ထားသည့် ဂန္ထဝင် Supernatural ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ High School Drama အပြင် Horror, Witchcraft နဲ့ ၉၀ ခုနှစ်  Vibe ကို ကြိုက်နှစ်သက်သူများ အတွက် မဖြစ်မနေ ကြည့်ရှုသင့်သည့် ဇာတ်ကားဖြစ်ပါတယ်။

My Rating: 7.3/10

AP