၂၀၂၀ ခုနှစ်တွင် Netflix မှ ထုတ်လွှင့်ပြသခဲ့သည့် The Haunting of Bly Manor သည် Gothic နှင့် Supernatural Horror အမျိုးအစားကို လှပဆန်းကြယ်စွာ ပေါင်းစပ်ပုံဖော်ထားသော Limited Series တစ်ခု ဖြစ်ပါသည်။
ဇာတ်လမ်းသည် ၁၉၉၀ ပြည့်နှစ်များအတွင်း အမေရိကန်အမျိုးသမီးငယ် Dani Clayton တစ်ယောက် အင်္ဂလန်နိုင်ငံရှိ သီးခြားဆန်ပြီး အေးစက်လှသည့် Bly Manor အိမ်ကြီးသို့ ကလေးထိန်း အဖြစ် အလုပ်ဝင်ရောက်လာခြင်းဖြင့် စတင်ထားသည်။ သူမ၏ တာဝန်မှာ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့သည့် သနားဖွယ် မိဘမဲ့ မောင်နှမနှစ်ယောက်ဖြစ်သော Flora နှင့် Miles တို့ကို စောင့်ရှောက်ပေးရန်ဖြစ်သည်။ သို့သော် ထိုအိမ်ကြီးသို့ ရောက်ရှိပြီး မကြာမီမှာပင် Dani သည် ကလေးများ၏ မသင်္ကာဖွယ် ပြုမူနေထိုင်ပုံများနှင့် အိမ်တော်အတွင်း ပုန်းကွယ်နေသည့် ကြောက်မက်ဖွယ် သဘာဝလွန် ဝိညာဉ်များကို စတင်သတိပြုမိလာခဲ့သည်။
ဤဇာတ်လမ်းတွဲ၏ စိတ်ဝင်စားဖွယ်ကောင်းသော အချက်မှာ ရိုးရှင်းသည့် သရဲခြောက်သည့် ဇာတ်လမ်းတစ်ခု မဟုတ်ဘဲ ဆုံးရှုံးရမှု၏ နာကျင်မှုများနှင့် အတိတ်၏ အမှောင်ရိပ်များအကြောင်းကို ကွယ်ဝှက်ထားခြင်း ဖြစ်သည်။ အပိုင်းတိုင်းတွင် ပရိသတ်များ မျှော်လင့်မထားသည့် လျှို့ဝှက်ချက်များကို တစ်လွှာချင်းစီ ပြသွားသည့်ပုံစံဖြင့် ရိုက်ကူးထားပြီး၊ ဇာတ်ဝင်ခန်း နောက်ခံတိုင်းလိုလိုတွင် ရုတ်တရက် ကြည့်လျှင် မမြင်နိုင်သော ဝိညာဉ်ပုံရိပ်များကို သိမ်မွေ့စွာ ထည့်သွင်းထားပုံမှာလည်း ပရိသတ်များအဖို့ မျက်လုံးမခွာဘဲ စိစစ်ကြည့်ရှုချင်စရာကောင်းသည့် အနုပညာမြောက် ဖန်တီးမှုတစ်ခု ဖြစ်ပါသည်။
ဇာတ်ကောင်တိုင်းတွင် ကိုယ်စီအကြောင်းပြချက်၊ ကိုယ်စီနာကျင်မှုများနှင့် နက်ရှိုင်းသည့် အတိတ်နောက်ခံများရှိကြသည်။ အထူးသဖြင့် Victoria Pedretti နှင့် T'Nia Miller တို့၏ သရုပ်ဆောင်ချက်များသည် ကြည့်ရှုသူ၏ ရင်ကို ထိခိုက်စေသည်အထိ အားပါလှပါသည်။
ခြုံငုံသုံးသပ်ရလျှင် The Haunting of Bly Manor သည် သရဲကား သက်သက်ထက် ပိုမိုနက်ရှိုင်းသည့် Gothic Mystery တစ်ခုဖြစ်ပြီး၊ လျှို့ဝှက်ဆန်းကြယ်သည့် Bly Manor အိမ်ကြီး မှာနေထိုင်ကြသည့် လူတို့အကြောင်းကို ခြောက်ခြားဖွယ် ရိုက်ပြထားသည့် စီးရီးကောင်းတစ်ခု ဖြစ်ပါသည်။
My Rating: 8.5/10
AP
Comments: