နဂါးဆိုး Smaug ဆီကနေ Erebor ရွှေမြို့တော်ကြီးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ နဂါးရဲ့ ကျိန်စာနဲ့ ရွှေရတနာတွေပေါ် တပ်မက်မှုကြောင့် Thorin တစ်ယောက် ရူးသွပ်မိုက်မဲမှုတွေ စတင်လာခဲ့ပါတယ်။ ဒီကြားထဲ Smaug ရဲ့ ရန်စမှုကြောင့် ဒုက္ခရောက်သွားတဲ့ လူသားတွေ၊ သူတို့ရဲ့ မြေကွက်လပ်နဲ့ ရတနာအချို့ကို ပြန်လည်တောင်းဆိုချင်တဲ့ Elf လူမျိုးတွေ၊ Dwarf တွေကြားထဲမှာ စစ်ပွဲကြီးဖြစ်ပွားခါနီးအခြေအနေကို ရောက်ရှိသွားပါတယ်။ ဒါပေမဲ့ လူမျိုးစုအသီးသီး တိုက်ခိုက်တော့မယ့်အချိန်မှာပဲ တောင်အောက်ခြေသို့ Orc နဲ့ Warg တပ်ဖွဲ့ကြီး အစုလိုက်အပြုံလိုက် ရောက်ရှိလာတာကြောင့် လူသား၊ Elf၊ Dwarf တို့ပူးပေါင်းပြီး အမှောင်ထုရဲ့ ရန်ကို ဘုံရန်သူအဖြစ် ပြန်လည်ရင်ဆိုင်ရသည့် စစ်ပွဲကြီး စတင်ပါတော့တယ်။
CGI visual effects များ၊ စစ်ပွဲကြီးရဲ့ scale ကြီးမားပုံနှင့် တိုက်ခိုက်ရေးကွက်များကို ကြည့်ရှုသူ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် Peter Jackson က ရိုက်ကူးပြသနိုင်ခဲ့ပါတယ်။ Martin Freeman နဲ့ Richard Armitage တို့ရဲ့ သရုပ်ဆောင်ချက်များမှာ သံယောဇဉ်၊ လောဘနှင့် နောင်တတို့ကို ပီပြင်စွာ ပုံဖော်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဒီဇာတ်ကားဟာ Tolkien ရဲ့ Middle-earth စကြာဝဠာကို နှုတ်ဆက်လိုက်သည့် ဇာတ်သိမ်းကားတစ်ကားဖြစ်ပါတယ်။ Fantasy စစ်ပွဲကြီးတွေကို ကြိုက်နှစ်သက်သူများ၊ Visual Effects ရှုခင်းလှလှလေးများကို ခံစားချင်သူများနှင့် The Lord of the Rings / The Hobbit ဇာတ်လမ်းတွဲ ပရိသတ်များအတွက်တော့ မဖြစ်မနေ ကြည့်ရှုသင့်သည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
My Rating: 7.4 / 10
AP
Comments: