အခု series ကတော့ The Lord of The ring ရဲ့ Middle-earth စကြဝဠာ နောက်ခံ သမိုင်းကြောင်းများကို အခြေခံထားပြီး Amazon Prime Video က အကုန်အကျ အများဆုံး စံချိန်တင် ရိုက်ကူးထားသည့် The Lord of the Rings: The Rings of Power စီးရီးကြီးဖြစ်ပါတယ်။ Season 1 ကို ၂၀၂၂ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့ပြီး Season 2 ကိုတော့ ၂၀၂၄ ခုနှစ်တွင် ဆက်လက်ပြသခဲ့တာဖြစ်ပါတယ်။ Action, Adventure, Fantasy နဲ့ Drama အမျိုးအစားများ ပါဝင်သည့် ဒီစီးရီးကြီးမှာ Galadriel အဖြစ် Morfydd Clark၊ Elrond အဖြစ် Robert Aramayo၊ Sauron/Halbrand အဖြစ် Charlie Vickers တို့အပြင် Isildur၊ Celebrimbor စသည့် ဇာတ်ကောင်ပေါင်းများစွာကို သရုပ်ဆောင်ပေါင်းများစွာဖြင့် ခမ်းနားထည်ဝါစွာ ပုံဖော်ထားပါတယ်။ 

ဇာတ်လမ်းအကျဉ်းမှာတော့ The Hobbit နဲ့ The Lord of the Rings ဖြစ်ရပ်မတိုင်မီ နှစ်ပေါင်းထောင်ပေါင်းများစွာ အလို၊ Middle-earth ကမ္ဘာ အေးချမ်းသာယာနေချိန်မှ စတင်ထားတာဖြစ်ပါတယ်။ မကောင်းဆိုးဝါး  Sauron ဟာ ကွယ်ပျောက်မသွားသေးဘဲ အမှောင်ထုထဲမှာ အင်အားစုစည်းနေတယ်လို့ ယုံကြည်ထားတဲ့ အယ်လ်ဖ်စစ်သည်တော် Galadriel ရဲ့ ရှာဖွေစုံစမ်းမှုများ၊ စွမ်းအားရှိ မန္တန်လက်စွပ်များ (Rings of Power) ကို သွန်းလုပ်ရန် Celebrimbor နှင့် Sauron (Halbrand/Annatar) တို့ရဲ့ အကွက်ဆင် လှည့်ကွက်များ၊ Númenor ကျွန်းနိုင်ငံတော်ရဲ့ ပျက်စီးခြင်း နိမိတ်များနဲ မကောင်းဆိုးဝါးတပ်ဖွဲ့များ စတင်အားကောင်းလာပုံကို ရင်သပ်ရှုမောဖွယ် ပုံဖော်ထားပါတယ်။ အထူးသဖြင့် Season 1 မှာ Sauron ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သဲလွန်စရှာဖွေမှုများဖြင့် ဆွဲဆောင်ထားပြီး၊ Season 2 မှာတော့ လက်စွပ်များ ဖန်တီးပုံနှင့် Eregion တိုက်ပွဲကြီးအပါအဝင် ပိုမိုမှောင်မိုက်၍ တိုက်ပွဲခန်းများပြည့်နှက်နေသည့် ဇာတ်အိမ်အဖြစ် မြှင့်တင်ပြသထားတာက ပရိသတ်ကို စိတ်လှုပ်ရှားစေမည့် အဓိကအချက်များ ဖြစ်ပါတယ်။

ဝေဖန်သုံးသပ်ရလျှင် ရုပ်ရှင်၏ အားသာချက်မှာ မျက်စိပသာဒဖြစ်ဖွယ် ရိုက်ကူးထားသည့် Visual Effects (CGI)၊ စီမံခင်းကျင်းထားသည့် မြို့ပြအဆောက်အအုံများနှင့် ဝတ်စုံဒီဇိုင်းများမှာ ရုပ်ရှင်ကားကြီးများထက်ပင် သာလွန်ကောင်းမွန်နေခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် Season 2 တွင် Charlie Vickers ရဲ့ Sauron/Annatar သရုပ်ဆောင်ချက်နှင့် Celebrimbor အဖြစ် Charles Edwards တို့၏ စိတ္တဇဆန်ဆန် စိတ္တဗေဒလှည့်ကွက် ကစားခန်းများမှာ ပညာရှင်ဆန်ဆန် အလွန်ပြောင်မြောက်လှပါတယ်။ သို့သော် အားနည်းချက်အနေဖြင့် စာရေးဆရာကြီး Tolkien ရဲ့ မူရင်းသမိုင်းကြောင်းအချိန်ဇယား (Timeline) များကို ရုပ်ရှင်ကြည့်သူများ လိုက်ပါရလွယ်ကူစေရန် ပေါင်းစည်းလိုက်ခြင်းကြောင့် မူရင်းစာအုပ်ပရိသတ်များအကြိုက်မတွေ့သည့် အချက်များရှိခြင်းနှင့် ဇာတ်ကောင်လိုင်း များပြားလွန်းသဖြင့် အချို့သော ဇာတ်လမ်းခွဲများမှာ ဇာတ်ရှိန်တက်ရန် နှေးကွေးနေခြင်းများပဲ ဖြစ်ပါတယ်။

ခြုံငုံပြောရလျှင်တော့ The Lord of the Rings: The Rings of Power Season 1 & 2 ဟာ ရုပ်သံစီးရီးသမိုင်းမှာ ထုတ်လုပ်မှုအပြင်အဆင် အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံး Fantasy စီးရီးတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Middle-earth စကြဝဠာကို မြတ်နိုးသူများ၊ ရုပ်ထွက်ပိုင်းဆိုင်ရာ အလှအပနှင့် Fantasy ကမ္ဘာသစ်များကို နှစ်သက်သူများ၊ Tolkien ရဲ့ ရာဇဝင်သမိုင်းကြောင်း နောက်ခံများကို စိတ်ဝင်စားသူများအဖို့ မဖြစ်မနေ ကြည့်ရှုသင့်သည့် လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။

Rating: 7.5 / 10

AP