ငယ်ဘဝ အမှတ်တရ  Toy Story 5 ကို Pixar Animation Studios နှင့် Walt Disney Pictures တို့ ပူးပေါင်းထုတ်လုပ်ပြီး ၂၀၂၆ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Animated, Comedy, Family နှင့် Adventure အမျိုးအစား Animation ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ 

ဒီတစ်ခေါက် ဇာတ်လမ်းမှာတော့ Bonnie ရဲ့ အခန်းထဲမှာ ရှိတဲ့ ကစားစရာ အရုပ်တွေဟာ စိန်ခေါ်မှုအသစ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အဲဒါကတော့ အသက် ၈ နှစ်အရွယ် ရောက်လာပြီဖြစ်တဲ့ Bonnie ဟာ အရုပ်တွေနဲ့ ဆော့ကစားတာထက် Lilypad ဆိုတဲ့ ဖားပုံစံ Tablet နဲ့ Screen ကစားရတာကို ပိုမိုစိတ်ဝင်စားလာခဲ့တာပါပဲ။ Bonnie တစ်ယောက် သူငယ်ချင်းဖွဲ့ရခက်နေတာကို ကူညီဖို့ Jessie က ကြိုးစားနေချိန်မှာ နည်းပညာရဲ့ လွှမ်းမိုးမှုကြောင့် ကစားစရာ အရုပ်တွေရဲ့ အခန်းကဏ္ဍ မှေးမှိန်လာတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် Jessie ဟာ လမ်းခွဲထွက်သွားခဲ့ဖူးတဲ့ Woody ကို ပြန်လည်ဆက်သွယ်ခဲ့ပြီး Woody လည်း သူ့ရဲ့ မိတ်ဆွေဟောင်း Buzz Lightyear နဲ့ ပြန်လည်ဆုံစည်းကာ အရုပ်တွေရဲ့ "Playtime" ကို ကာကွယ်ဖို့နဲ့ နည်းပညာနဲ့ ကစားစရာကြားက ရုန်းကန်မှုကို ကူညီဖြေရှင်းဖို့ ပြန်လည်လက်တွဲကြရပါတော့တယ်။

Toy Story 5 သည် ခေတ်သစ်နည်းပညာနဲ့ ခေတ်ဟောင်း ကစားစရာတွေကြားက သံယောဇဉ်နဲ့ ပြောင်းလဲလာတဲ့ ကလေးတွေရဲ့ ကြီးပြင်းမှုကို လှပစွာ ပုံဖော်ထားသည့် ရုပ်ရှင်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက Toy Story ကြည့်ပြီး ကြီးပြင်းလာခဲ့ကြတဲ့ Nostalgia သံယောဇဉ်ရှိသူများ၊ ကလေးငယ်များ အားလုံး စိတ်လက်ပေါ့ပါးစွာ ကြည့်ရှုစရာ ရသမျိုးစုံ ပေးစွမ်းနိုင်မယ့် မိသားစုကြည့် Animation ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

My Rating:8.3/10

AP