၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ 8 seasons တိုင်တိုင် ထုတ်လွှင့်ခဲ့တဲ့ The Vampire Diaries ဟာ CW ရုပ်သံလိုင်းရဲ့ အအောင်မြင်ဆုံး Supernatural Drama စီးရီးတစ်ခု ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းမှာတော့ မိဘနှစ်ပါးစလုံးကို ကားမတော်တဆမှုနဲ့ ဆုံးရှုံးလိုက်ရတဲ့ Elena ဆိုတဲ့ ကောင်မလေးဟာ Mystic Falls မြို့လေးမှာ သာမန်ဘဝကို ပြန်လည်စတင်ဖို့ ကြိုးစားရာမှ စတင်ခဲ့ပါတယ်။
ဒီစီးရီးရဲ့ စိတ်ဝင်စားဖွယ်အကောင်းဆုံး အချက်ကတော့ သာမန် Vampire ဇာတ်လမ်းတွေထက် ပိုမိုကျယ်ပြန့်တဲ့ Supernatural Universe ကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ Vampire တွေအပြင် Witches၊ Werewolves ၊ Hybrids နဲ့ ရှေးဟောင်း Original Vampires ဆိုတဲ့ ဒဏ္ဍာရီလာ သတ္တဝါမျိုးစုံရဲ့ အားပြိုင်မှု၊ အချစ်၊ အမုန်းနဲ့ သစ္စာဖောက်မှုတွေကို အကွက်စေ့စေ့ ပုံဖော်သွားတာ ကြည့်ရှုသူကို မမှိတ်မသုန် ဆွဲဆောင်ထားနိုင်ပါတယ်။
The Vampire Diaries ဟာ Pop Culture မှာ မဖြစ်မနေ ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ Romance၊ Dark Fantasy နဲ့ Drama တွေကို သဟဇာတဖြစ်ဖြစ် ပေါင်းစပ်ထားတာကြောင့် Vampire/Supernatural ဇာတ်လမ်း ကြိုက်နှစ်သက်သူများ၊ စိတ်လှုပ်ရှားဖွယ် Plot Twists တွေကို နှစ်သက်သူများအတွက် အထူးပင် သဘောကျနှစ်သက်ကြမယ့် စီးရီးတစ်ခု ဖြစ်ပါတယ်။
My Rating: 8.2/10
AP
Comments: